ကျောက်ဆည် ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မဟာဆုတောင်းပြည့်ရွှေသိမ်တော်ဘုရား၊ တမုတ်ရွှဂူကြီးဘုရား၊ ရွှေသာလျောင်းဆုတောင်းပြည်ဘုရား၊ ရွှေဆပ်သွားဘုရား စသည့် လူသိများထင်ရှားသည့် တန်ခိုးကြီးဘုရာများရှိပြီး ယနေ့ဝါဆိုလပြည့်နေ့တွင် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရား၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရာသည် ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး ၁၁ ရာစုခန့်တွင် အနော်ရထားမင်းကြီး တည်ထားကိုယ်ကွယ်ခဲ့သည့် ဘုရားတစ်ဆူဖြစ်ပြီး၊ ရှင်အရဟံမထေရ်မြတ်မှ စေတီတော်၊ ရုပ်ပွားတော်နှင့် သိမ်တော်ကို သိမ်သမုတ်ပေးခဲ့ကြောင်း၊ မူလစေတီတော်သည် အရွယ်အစားငယ်ကြောင်းနှင့် နောက်ပိုင်းတွင် ကျေးရွာပြည်သူများနှင့် ကုသိုလ်ရှင်များမှ အကြိမ်ကြိမ် ကုသိုလ်ပြုပြုပြင်မွမ်းမံခဲ့ရာ ယခုအခါ လွန်စွာသပ္ပယ်သည့် ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် ဘုရားဖူးပြည်သူများအနေဖြင့် ဘုရားကြီးသို့ ရောက်သည်သည့်အခါ အလုပ်အကိုင်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ မိသားစုရေးရာ အကြောင်းကိစ္စများ ဆုတောင်းကြကြောင်း ဘုရားဂေါပကအဖွဲ့မှ ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)