ပြင်ဦးလွင် ဇူလိုင် ၂၉
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ၊ ဒုတိယဝါဆိုလပြည့်နေ့ တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ ဦးခန္တီဘုရားဝန်းအတွင်းတွင် ယနေ့ နံနက် (၇) နာရီက သံဃာတော် (၁၀၀၀) ပါး တို့အား စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ်များ ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖ အဖွဲ့များ ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဒုတိယဝါဆိုလပြည့်နေ့ တွင် ဦးခန္တီဘုရားဝင်းအတွင်း၌ ပြင်ဦးလွင်မြို့ပေါ်ရှိကျောင်းတိုက်များမှ သံဃာ (၁၀၀၀) ပါးတို့အား တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းများလောင်းလှူခဲ့ကြသည် ။
အဆိုပါ စုပေါင်းဆွမ်းလောင်းလှူပွဲကို ဝါတွင်းကာလ လပြည့် /လကွယ် နေ့တိုင်း နံနက် (၇) နာရီမှစ၍ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ ဦးခန္တီဘုရားဝန်းအတွင်း၌ ဆွမ်းလောင်း လှူပူဇော်သွားမည်ဖြစ်ပါသဖြင့် အလှူရှင်များအနေ့ဖြင့် မိမိတို့ကိုယ်တိုင် လာရောက်ပြီး ပစ္စည်း ( ၄) ပါး ပါဝင်လောင်းလှူဒါန်းနိုင်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)