မိုးနဲ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း (၁/၂၀၂၆) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်ကဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းဆင်းအမှာ စကား ပြောကြားပေးခဲ့ပြီး အဖွဲ့ဝင် ဦးငိုပွယ်က ရှမ်းဘာသာဖြင့် ပြန်လည် ရှင်းလင်းပြောကြား ပေးခဲ့ကြောင်းသိရသည်။ ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများအား မြို့ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းဆင်း လက်မှတ် များကို ပေးအပ်ချီး မြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုပေါင်းအင်အား (၈၀)ခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)