အမရပူရ ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံ တက္ကသိုလ်၌လူကုန် ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင်၂၈ရက်နေ့က အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမတွင်ကျင်းပပြုလုပ်ရာဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ မန္တလေးတိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု(မန္တလေး)မှတပ်ဖွဲ့စုမှူး ရဲမှူးသူဇာလွင်နှင့် အဖွဲ့ ဝင်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မော်မော်စိုးကအဖွင့်အမှာ စကားနှင့်ဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်တို့ကိုပြောကြားပြီး၊ မန္တလေးတိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု(မန္တလေး)မှတပ်ဖွဲ့စုမှူး ရဲမှူးသူဇာလွင်က လူကုန်ကူးခံရသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်နှင့်လူငယ်များအားကာ ကွယ်စောင့်ရှောက်ခြင်းနှင့်အကူအညီ ပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များကိုပါဝါပွိုင့်ဖြင့် အကျယ်တဝံ့ဟောပြောခဲ့သည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူများကသိရှိလိုသည်များကို မေးမြန်းရာရဲမှူးသူဇာလွင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာဝင်းနိုင်က ဟောပြောဆွေးနွေးပေး သည့်ရဲမှူးသူဇာလွင်အားဂုဏ်ပြုအမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။
လဲ့လဲ့ခိုင်