မိုင်းဆတ်မြို့၌ ရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲ ကျင်းပ

မိုင်းဆတ် ဇူလိုင် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နိုင်ငံတော်အုပ်ချုပ်ရေးမဏ္ဍိုင်၏ အခြေခံအကျဆုံးအုပ်မြစ်ဖြစ်သော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေက သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသားများကိုယ်စား တာဝန်ရှိသူတို့က လက်ခံရယူသည်။

အဆိုပါသင်တန်းဆင်းပွဲသို့ ခရိုင်/နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၃၅) ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ (၁၆) ခုတို့က ဇူလိုင် ၁ ရက်မှ ၂၈ ရက်နေ့အထိ ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)