မိုင်းယောင်း ဇူလိုင် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ကာ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရန် ကြိုတင်တားဆီးကာကွယ်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း