တန့်ယန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တန့်ယန်း ဇူလိုင် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

သင်တန်းတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ သင်တန်းနည်ပြများက ဆွေးနွေး ပို့ချခဲ့ကြကာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း (၅၉) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ရက်သတ္တပတ် ၄ ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)