ဗိုလ်တထောင်ခရိုင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဆင်းပွဲကျင်းပ

ဒေါပုံ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဆင်းပွဲကို ယမန်နေ့နေ့လယ် နာရီ အချိန်က ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲ၌  ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြ များအား ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီးခင်ဇော်တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး သင်တန်းသားများအား   ဗိုလ်တထောင်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေ ယျာလင်းနှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြသည်။

ယင်းသင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေနည်းဥပဒေများ၊ ပြဋ္ဌာန်း ချက်များ မြေယာအုပ်ချုပ်ရေးဆိုင်ရာများ ယစ်မျိုးဥပဒေလောင်းကစားဥပဒေ အခွန်(၄) မျိုးကောက်ခံခြင်း ငွေစာရင်းရေးဆွဲထိန်းသိမ်းရေး အကြောင်းအရာများကို ပို့ချခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ဇူလိုင်လ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ဗိုလ်တထောင် ခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၇၅) ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ချစ်စုဝေ