ဒဂုံမြောက် ဇူလိုင် ၂၉
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကျွန်းရွှေဝါရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၈ ရက် နေ့နံနက်ပိုင်း က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျွန်းရွှေဝါ ရောင်းဝယ်ရေးသမဝါယမအသင်းဥက္ကဋ္ဌနှင့် မြို့နယ် သမဝါယ မဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်နေခြည်နွေးနွေးသိမ့်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ အသင်းအမှုဆောင်များမှ ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့ပြီး အသင်းသားများအား အကျိုးဝေစုနှင့် လက်ဆောင် ပစ္စည်းများပေး အပ်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ