မှော်ဘီ ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယမန်နေ့ည (၂၃း၅၀) နာရီခန့်နှင့် (၀၀း၃၅) အချိန်တို့တွင် ရန်ကုန်ပြည်လမ်း၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ ဖြိုးမှုလေ့ကျင့် ပညာပေးရေးဌာနဝန်းရှေ့တွင် လုံးပတ် (၄) ပေခန့်၊ အမြင့် (၅၀) ပေ စိန်ပန်းပင်လဲကျနေမှုအား ရှင်းလင်း ဆောင်ရွက်ခဲ့ရာ အောက်ဝါးနက် ချောင်းလမ်းအတွင်း လဲကျပိတ်စို့နေသော လုံးပတ် (၆) ပေခန့်၊ အမြင့် (၅၀) ပေခန့်ရှိ မလေးရှားပိတောက်ပင်တို့အား ChainSaw (၃) လက်နှင့် မီးသတ်ဦးစီးမှူး ဦးဆောင်ပါဝင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆) ဦးတို့ဖြင့် လဲပြိုနေသောအပင်များ ရှင်းလင်းဆောင်ရွက်ပြီးစီးခဲ့ရာ လမ်းများပုံမှန်အတိုင်းသွား လာနိုင်ပြီဖြစ် ကြောင်းသိရသည်။
အဆိုပါသစ်ပင်များလဲပြိုနေမှုရှင်း လင်းဆောင်ရွက်ခြင်းအားမှော်ဘီမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇင်သက်ထူးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆) ဦးတို့မှ ယာဉ်ယန္တရားများဖြင့် ညတွင်းချင်း ပြီးစီးအောင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါမိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အမှတ် (၄) လမ်းမိုင်တိုင်(10/3-10/4)ကြား အလျား (၄၀၀) ပေ ၊ အနံ(၄၈)ပေ၊ ထု(၃)လက်မခန့် ကားလမ်းများအပေါ် ရေကျော်ခဲ့ရာ လမ်းများပေါ်တွင်ယာဉ်ကြောများ ပိတ်ဆို့မှုအခက်အခဲမရှိစေရေးနှင့် ယာဉ်များသွားလာပြတ်တောက်မှု မရှိစေရန်နှင့် ယာဉ်များယာဉ်အန္တရာယ် ကင်းရှင်းစေရန် လမ်းအမှတ်အသားတာပုံများ၊ ကတ္တရာပုံးများ ကာရံထားရှိလျက်ရှိရာ ယာဉ်များအဆင်ပြေစွာ သွားလာနိုင်လျက်ရှိကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)