မောက်မယ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မောက်မယ် ဇူလိုင် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကား ပြောကြားပြီးသင်တန်းသားအုပ်ချုပ်ရေးမှူးများအား သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ကို ဇူလိုင် ၁ ရက်နေ့မှ ဇူလိုင် ၂၈ ရက်နေ့ အထိ ပို့ချခဲ့ကြောင်း သိရသည်။

နန်းမိုခမ်း(ပြန်/ဆက်)