တောင်ကြီးမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၆)သင်တန်းဆင်းပွဲပြုလုပ်

တောင်ကြီး  ဇူလိုင်  ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ် ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)သင်တန်းဆင်းပွဲကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၃ နာရီ က ခရိုင်/ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

ဦးစွာ တောင်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တောင်ကြီး ခရိုင်အုပ်ချုပ် ရေးမှူး ဦးဆန်းမော်က သင်တန်းဆင်းမိန်ခွန်းပြောကြားသည်။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများအား တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်း ဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသားများ ကိုယ်စားကိုယ်စားလှယ်ခြောက်ဦး ကာလက်ခံရယူခဲ့သည်။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ကိုယ်စား အုပ်ချုပ်ရေးမှူးတစ် ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသားများနှင့် အတူစုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက် ထိ ဖွင့်လှစ်ခဲ့ပြီးသင်တန်းသား၊ သင်တန်းသူ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)