မိတ္ထီလာမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဆင်းပွဲကျင်းပ

မိတ္ထီလာ ဇူလိုင် ၂၉

မိတ္ထီလာမြို့၌  ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးသင်တန်း (၁/၂ဝ၂၆) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံသို့ သင်တန်းဆင်းလက်မှတ်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေးအပ်ချီးမြှင့်သည်။ အဆိုပါသင်တန်းသို့ မိတ္ထီလာ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း သင်တန်းသား (၆၂) ဦးတက်ရောက်ပြီး သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ချမ်းသာ