ကျောက်တံတား ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမ မြကြာငုံ(ဇေယျဝတီ)၏ စိတ်ထားဖြူစင်အလှူရှင် ဆောင်းပါးဖြင့်စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန် က ပညာ့အလင်းခေတ်မီ စာကြည့်တိုက်၌ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်ရွှေနှင့်စာရေးဆရာသူရ (မြန်မာစာ)တို့က အမှာစကားပြောကြားပြီးနောက် ဆောင်းပါးရှင် မြကြာငုံ(ဇေယျဝတီ)ကစိတ်ထား ဖြူစင်အလှူရှင် ဆောင်းပါးပါ အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးသည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများက ဆောင်းပါးနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်