ပြင်ဦးလွင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မား‌ရေး သင်တန်း (၁/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင်၊ ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား‌ရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့မွန်းလွဲ၄နာရီအချိန်က ရပ်ကွက်ကြီး(၆)၊ ပြင်ဦးလွင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးမှ သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး၀င်းဇော်၊ ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ ခေတ္တဥက္ကဋ္ဌဦးမျိုးခိုင်နှင့် မြို့မိမြို့ဖ ဦးအောင်မြင်တို့မှ သင်တန်းသားအုပ်ချုပ်ရေးမှူးများအား သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းသားအုပ်ချုပ်ရေးမှူး ဦးသန်း၀င်းလှိုင်မှ သင်တန်း အတွေ့အကြုံများနှင့် ကျေးဇူးတင် စကားပြောကြားပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်၊ ခရိုင် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေး ကော်မတီ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သင်တန်းနည်းပြအရာရှိများ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု သင်တန်းသားအုပ်ချုပ်ရေးမှူးများ စုစုပေါင်း၁၀၉ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)