ရွှေကူ ဇူလိုင် ၂၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဆင်းပွဲသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးစံက အမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းထူးချွန်ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် မားစေရန်အတွက် ဘာသာရပ်အလိုက် သင်တန်းပို့ချပေးခဲ့ကြသည့် သင်တန်းဆရာ၊ ဆရာမများအား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး သင်တန်းများကိုယ်စား အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်