အင်းစိန် ဇူလိုင် ၂၉
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အင်းစိန်ခရိုင်အတွင်းရှိ မြို့နယ်များ၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်း (၁/၂၀၂၆) ဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန် မြို့နယ်၊ အင်းစိန်မြို့နယ်ခန်းမတွင်ကျင်းပသည်။
အခမ်းအနားသို့ အင်းစိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အင်းစိန်ခရိုင်အတွင်းရှိ မြို့နယ်များ၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အင်းစိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ရေးမှူး ဦးရဲထွန်းဇော် က သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး က အင်းစိန်ခရိုင်အတွင်းရှိ အင်းစိန်မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့၏ ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးများအား သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်းသိရှိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)