မြစ်သားမြို့ မူလတန်းကြိုကျောင်း၌ ဗီတာမင်အေတိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းနှင့် သွားတိုက်တံများ ပေးဝေ

မြစ်သား ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြစ်သားမြို့ မူလတန်းကြိုကျောင်း၌ များကို ဗီတာမင်အေတိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ သွားတိုက်တံများပေးဝေခြင်းကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက အဆိုပါ‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ‌ ဒေါ်နန်း‌ရွှေကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျန်းမာရေးဆရာမများက လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ပိုင်ထူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ ပူးပေါင်းပြီး ကျောင်းသူ၊ ကျောင်းသားများကို ဗီတာမင်အေတိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းနှင့် သွားတိုက်တံပေးဝေခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့ (မြစ်သား)