ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူ(၁၆)ဦးအား Rapid Test Kit ဖြင့်စစ်ဆေး

ချင်းရွှေဟော်     ဇန်နဝါရီ   ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ    ချင်းရွှေဟော်မြို့တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်၍   သီးခြားထားရှိပြီး  ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်က Rapid Test Kit စနစ်ဖြင့်  ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့သည့် နေရပ်ပြန်ပြည်သူများသည် မြန်မာနိုင်ငံအတွင်းရှိတိုင်း ဒေသကြီး/ပြည်နယ်အသီးသီးမှ ဖြစ်ကြကာ အမျိုးသား()ဦး၊ အမျိုးသမီး(၁၀)ဦး  စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၆)ဦး  ဖြစ်ကြောင်း သိရသည်။

ထိုသို့ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက်အဖြေအရ  နေရပ်ပြန်ပြည်သူအားလုံးတွင် ရောဂါပိုး မတွေ့ ရှိရကြောင်းနှင့် ဒုတိယအကြိမ်အဖြစ်  ၎င်းတို့၏  အာခေါင်တို့ဖတ်နှင့်နှာခေါင်းတို့ဖတ် ဓါတ်ခွဲနမူနာ Swab များအား  ထပ်မံရယူပြီး  ချင်းရွှေဟော်မြို့၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့   ဆက်လက်ပို့ ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း   ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)