လင်းခေးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း  အခမ်းအနားကျင်းပ

လင်းခေး ဇူလိုင်၂၉

၂၀၂၆ခုနှစ်ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် TSDP မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ အားကစားပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင် ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်  ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆုချီးမြှင့်ခြင်း အခမ်းအနား မစတင်မီ ဗိုလ်လုပွဲစဉ်အဖြစ် မိုးနဲအသင်းနှင့် မောက်မယ်(နမ့်ယွန်း)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ၊ မောက်မယ်မြို့နယ်အသင်းက နှစ်ဂိုး၊တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

ယင်းနောက် ဗိုလ်လုပွဲအပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲပွဲစဉ် တစ်လျှောက် ဂိုးသမား  အကောင်းဆုံးဆု၊အကောင်း ဆုံးအလယ်တန်း ကစားသမားဆု၊အကောင်းဆုံးကစား သမားဆု၊ပြိုင်ပွဲဒုတိယဆု  ရရှိခဲ့သည့် မိုးနဲအသင်းနှင့် ပထမဆုရရှိသွားသည့် မောက်မယ်အသင်းတို့အား တစ်ဦးချင်းဆွဲပြားဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဖလားဆုများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။   

စိုင်းဇော်လတ်(လင်းခေး)