ညောင်ရွှေမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲကျင်းပ

ညောင်ရွှေ      ဇူလိုင်  ၂၉

ရှမ်းပြည်နယ် ညောင်ရွှေမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဦးစွာ ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိုးရနှင့် ဦးခွန်စနေအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းတို့က သင်တန်းဆင်းလက် မှတ်များပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး သင်တန်းသားစုစုပေါင်း (၄၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် (၁) ရက်မှ ဇူလိုင် (၂၈) ရက်အထိ ရက်သတ္တလေးပတ် ကြာမြင့်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ