ရေးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်း

ရေး ဇူလိုင် ၂၉

မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ (ခေတ္တ) ဥက္ကဋ္ဌ သူရဦးရန်နိုင်ဦးက  သင်တန်းတွင် ပို့ချပေးခဲ့သည့်ဘာသာရပ်များဖြင့် လက်တွေ့နယ်ပယ်တွင် မိမိရပ်/ရွာအတွက် အကျိုးရှိထိရောက်စွာ ပြန်လည်အသုံးချစေလိုကြောင်း သင်တန်းဆင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ (ခေတ္တ) ဥက္ကဋ္ဌ သူရဦးရန်နိုင်ဦးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား အာယုတောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလင်းဦးက လက်ခံရယူခဲ့ပြီး အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား ၃၂ ဦးတို့အား စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း  သိရသည်။

ရှင်းသန့်ဖြူ