ဘီးလင်း ဇူလိုင် ၂၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၆ အုပ်စုတို့မှ အုပ်ချုပ်ရေးမှူး ၂၆ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)