မိတ္ထီလာမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဆင်း

မိတ္ထီလာ ဇူလိုင် ၂၈

မိတ္ထီလာမြို့၌  ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့် မားရေးသင်တန်း(၁/၂ဝ၂၆)ဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီက ကန်တော်မင်္ဂလာခန်းမတွင်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင် မြင့်ဦးက သင်တန်းဆင်း အမှာစကားပြောကြားသည်။

ထို့နောက်  သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံသို့ သင်တန်းဆင်းလက်မှတ်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေးအပ်ချီးမြှင့်သည်။ အဆိုပါသင်တန်းသို့ မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်း သင်တန်းသား ၆၂ ဦးတက်ရောက်ပြီး သင်တန်းကို ဇူလိုင် ၁ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ချမ်းသာ