မြစ်သား ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြစ်သားမြို့မူလတန်းကြိုကျောင်း၌ သားငယ်၊ သမီးငယ်လေးများကို ဗီတာမင်အေတိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ သွားတိုက်တံများပေးဝေခြင်းများကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် ကျန်းမာရေးဆရာမများက လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ပိုင်ထူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများပူးပေါင်းပြီး သားငယ်၊ သမီးငယ်များကို ဗီတာမင်အေတိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းနှင့်သွားတိုက်တံပေးဝေခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)