ရန်ကုန် ဇူလိုင် ၂၈
သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများတိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍ ယနေ့နံနက်( ၁၀)နာရီအချိန်က ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် သန်လျင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စမ်းစိမ်းစိမ့်က ကျောင်းသား၊ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်နှီးမှုရှိစေရန် စာကြည့်တိုက်မှ အသိပညာဗဟုသုတများ ရရှိသည့်နေရာဖြစ်ပါကြောင်းပြောကြားပြီး ကျောင်းသား၊ကျောင်းသူများက ပုံပြင်စာအုပ်များဖြင့် အပြန်အလှန် ဖတ်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ပြတိုက်ငယ်( Mini Museum ) အား လေ့လာကြည့်ရှုခဲ့ကြသည်။
သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ သတင်းအချက် အလက်များ သိရှိနားလည်စေရန်နှင့်လေ့လာဖတ်ရူနိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာန MOI News ၊ MTube ၊ MRTV QRကုတ်များကိုလည်း ရုံးတွင်ပြသဆောင်ရွက်ထားပြီး ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန် ၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန် နှင့်အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးလျက်ကြောင်းသိရသည်။
ဖြိုးသီဟ(သန်လျင်)