ပင်လုံမြို့ ရပ်ကွက်(၁)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့

ပင်လုံ    ဇန်နဝါရီ  ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်()တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား များအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်()ရှိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား(၁၀)ဦးအား လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက်စာရေးတို့က လူမှုရေး ပင်စင်ရရှိသည့် အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၀)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀) ထောက်ပံ့ပေးခဲ့ပြီး ကျန်ရပ်ကွက်များ အား ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

နန်းမြင့်မြင့်ဆွေ