မိုင်းဟန်ကျေးရွာအုပ်စုအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်

ပုံပါကျင်               ဇန်နဝါရီ               ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ မိုင်းဟန်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စု လျှင် ငွေကျပ်နှစ်သောင်း ထောက်ပံ့ပေးအပ်ရာတွင် မရရှိသေးသည့် ထပ်တိုးအိမ်ထောင်စုဝင်များအား မိုင်းဟန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ ညနေ နာရီက   ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ပေးအပ်ရာတွင် ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်က ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက်  ထောက်ပံ့ငွေပေးအပ်ခဲ့ရာတွင် မရရှိသေးသည့်  ထပ်တိုးအိမ်ထောင်စုဝင်များအား ထောက်ပံ့ ငွေများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အခုလို အမှန်တစ်ကယ်လိုအပ်နေတဲ့သူတွေအတွက် ထပ်မံထောက်ပံ့ပေးအပ်တဲ့အတွက် အစိုးရကို အထူး ကျေးဇူး တင်ပါတယ်။ နားကောင်းမူးကျေးရွာအုပ်စုမှာ ထပ်တိုးက(၁၂၅)စုရှိပြီး ဒီနေ့ပေးတာကတော့ နားကောင်းမူး ကျေးရွာက ထပ်တိုးအိမ်ထောင်စုဝင်(၇၇)စုကို ပေးတာပါ၊ ကျန်တဲ့ အိမ်ထောင်စု(၄၈)စုက သီးသန့်သွားမှရတဲ့ နေရာတွေဖြစ်နေလို့ ရက်ချိန်းပြီးတော့ သွားရောက်ရမှာဖြစ်ပါတယ်၊ ကျန်တဲ့ရွာတွေကတော့ ဆီငင်းရွာ၊ နားဖယောင်းရွာ၊မလိုလာရွာစတဲ့ လားဟူနဲ့ပလောင်လူမျိုး တွေနေတဲ့ရွာတွေ ဖြစ်ပါတယ်၊ သူတို့က ရက်ချိန်းပြီးမှသွားလို့ရတာ၊ အခုအချိန်က ပြောင်းချိုး၊ ပြောင်းခြွေတွေ သွားလုပ်ကြတော့ ရွာထဲမှာ လူမရှိကြလို့ပါ ၊ အခုလ ၂၈ ရက်နေ့မှ သွားရောက်ပေးအပ်မှာ ဖြစ်ပါ တယ်ဟု မိုင်းဟန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမောင်က ပြောကြားသည်။

ထို့နောက် မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာရှိ အိမ်ထောင်စု(၇၇)စုအတွက် အိမ်ထောင်စုတစ်စုလင် ထောက်ပံ့ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၁,၅၄၀,၀၀၀)ကို ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ၊ အုပ်စုအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)