မင်္ဂလာတောင်ညွန့်မြို့နယ် အ‌ခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေး ဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ် (၁၇) အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦး‌ဆောင်မှုဖြင့် ကျောင်းကျန်းမာရေးဆောင်ရွက်ခဲ့ပါသည်။

ကျောင်းကျန်းမာရေးဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူက‌လေးများအား စနစ်မှန်သွားတိုက်နည်း၊ လက်ဆေးနည်းများအား လက်တွေ့သရုပ်ပြသင်ကြားခြင်း၊ ကျောင်းမုန့်စျေးတန်းများအား ကျန်းမာရေးနှင့်ညီညွတ်စေရန် စစ်ဆေးကြည့်ရှုခြင်း၊ ကျောင်းမုန့်ဈေးသည်များအား သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါ‌ကြောင်း သိရပါသည်။

မြတ်မြတ်အေး (ပြန်/ဆက်)