စမ်းချောင်း ဇန်နဝါရီ ၂၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အနေဖြင့် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူ နိုင်ရန်နှင့် ဈေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက် ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင် ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့ ကြီးမှူး၍ (၁၀)ကြိမ်မြောက်အဖြစ် ယမန်နေ့ နံနက် (၇)နာရီမှ (၁၀)နာရီထိ စမ်းချောင်း မြို့နယ်အတွင်းရှိ စမ်းချောင်း(တောင်)ရပ်ကွက်၊ စမ်းချောင်း လမ်းအတွင်းသို့ Mobile Market ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ဈေးကားများဖြင့် ရပ်ကွက်များအတွင်း လာရောက်ရောင်းချနေမှုအား မြို့နယ်စည်ပင် သာယာရေးမှ တာဝန်ရှိပုဂ္ဂိုလ်များက စည်းကမ်းချက်များနှင့်အညီ ရောင်းချ၊ ဝယ်ယူနေမှုအား ကြည့်ရှုခဲ့ကြသည်။ ယခုကဲ့သို့ ဟင်းသီးဟင်းရွက်၊ သား၊ ငါးနှင့် မီးဖိုချောင်သုံးစားသောက် ကုန်များကို ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည် ရောင်းချပေးမှုအား အလှည့်ကျဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ချောစုဝင်း (ပြန်/ဆက်)