ရွှေပြည်သာမြို့နယ်၌ မိုးစပါးရာသီ Drum Seeder ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ

ရွှေပြည်သာ ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်မိုးရာသီ Drum Seeder ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က လိန်ကုန်းကျေးရွာအုပ်စု သိမ်‌ချောင်းကျေးရွာ ကွင်းအမှတ် (၂၈၉) တောင်သူဦးမောင်၏ လယ်မြေတွင် အောင်နိုင်တိုးစပါး (၃) ဧကစိုက်ပျိုးခြင်းအား လက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့သည်။

Drum Seeder ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးဘုန်းမြင့်က မိုးစပါးကိုစိမံကိန်းပြည့်မီအောင် စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်တို့ကိုပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှရွှေမောင်က Drum Seeder ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)