မိုးနဲမြို့နယ်၌ နာဟောင်အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ် စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း

မိုးနဲ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယနေ့ နံနက် ၁၁ နာရီအချိန်က နာဟောင် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူ များအား အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းငှားရမ်းလိုက်ခြင်း‌ကြောင့်ကျောင်းသား/သူများ အနေဖြင့်  ကျောင်းစာအပြင် ပြင်ပ စာအုပ် စာစောင်များကို လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်လာခြင်း၊ အားလတ်သောအချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ဗဟုသုတအသစ်များ တိုးပွားလာခြင်း၊ အသိပညာများကို ပြန်လည် ဖလှယ်နိုင်ခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပါ ပြည့်စုံစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် အနေဖြင့်လည်း စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခြင်း၊ စာငှား၊ စာဖတ်သူဦးရေ တိုးပွားလာခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား/သူများနှင့်ကိုက်ညီမည့် စာအုပ် စာစောင်များအား ငှားရမ်းပေးခဲ့ ကြကာ အပတ်စဉ် ကွင်းဆင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း စာကြည့်တိုက်တာဝန်ခံထံမှ သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးသည့်အပြင် အွန်လိုင်း အသိပညာပေးလုပ်ငန်းများကိုပါ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို