ရွှေတောင် ဇူလိုင် ၂၈
ရွှေတောင်မြို့နယ်တွင် ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် အသား၊ ငါးနှင့် ဟင်းသီဟင်းရွက်များကို ယမန်နေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာစျေးကြီး၌ ရောင်းချပေးခဲ့သည်။
မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကကြီးကြပ်၍ မွေးမြူးရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ အပတ်စဥ် တနင်္လာနေ့နံနက် ၆ နာရီမှစတင်ရောင်းချလျက်ရှိရာ စီပီကြက်အကောင်လိုက် တစ်ပိဿာနှစ်သောင်းကျပ်၊ ဒေသကြက်အကောင်လိုက် တစ်ပိဿာ နှစ်သောင်းငါးထောင်ကျပ်၊ ဝက်သားတစ်ပိဿာ နှစ်သောင်းရှစ်ထောင်ကျပ်၊ အမဲသားတစ်ပိဿာ သုံးသောင်းနှစ်ထောင်ကျပ်၊ ငါးကြင်းတစ်ပိဿာ တစ်သောင်းငါးထောင်ကျပ်၊ မွေးမြူရေးငါးခူး တစ်ပိဿာနှစ်သောင်းကျပ်၊ ကြက်ဥတစ်လုံး ငါးရာကျပ်၊ စားအုန်းဆီတစ်ပိဿာ ရှစ်ထောင် နှစ်ရာကျပ်တို့ဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါ ရောင်းချပေးမှုအား အလေးချိန်မှန်ကန်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)