သုံးခွ ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၆ - ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Green Belt သစ်ပင်စိုက်ပျိုးပွဲကို မင်းရွာအသင်းကျေးရွာအုပ်စု၊ ပိုက်စီးကျေးရွာအနီး၊ မရမ်းဘေး-ဇွဲဘာကမ်းပတ်တာဘောင်၌ ဇူလိုင်လ (၂၇) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် သုံးခွမြို့နယ်မြေတာ၀န်ခံ ဦးစိန်မောင် (တောအုပ်ကြီး) နှင့် သစ်တောဝန်ထမ်းများ၊ ခမရ ၇၁၀၊ ပိုက်စီး ကင်းစခန်းမှတပ်ကြပ်ကြီး ဇော်မင်းနှင့် တပ်ရင်းတပ်ဖွဲ့များ၊ မင်းရွာအသင်းကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ စုစုပေါင်း (၅၃) ဦးတို့က မာလာလူးကား (၃၂၀) ပင်၊ မန်ဂျန်ရှား (၃၃၀) ပင်၊ စုစုပေါင်း အပင် (၆၅၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)