မိုင်းရယ်မြို့နယ်တွင် Solar စနစ်ဖြင့် လမ်းမီးများတပ်ဆင်

မိုင်းရယ် ဇူလိုင် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် လိုအပ်ချက်အရ  ယနေ့နံနက်ပိုင်းကစတင်၍ လမ်းမီးများ Solar စနစ်ဖြင့် တပ်ဆင်လျက်ရှိသည်။

အဆိုပါ လမ်းမီးများ Solar စနစ်ဖြင့် တပ်ဆင်ခြင်းကို မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဉီးသီဟသူနှင့်တာဝန်ခံအင်ဂျင်နီယာတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မိုင်းရယ်မြို့ ပြည်ထောင်စုလမ်းမကြီးတလျောက်နှင့် လမ်းဆုံလမ်းခွများတွင် Solar 120W များအား တပ်ဆင်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်