လမ်းမတော် ဇန်နဝါရီ ၂၆
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အကောင် အထည်ဖော်ရေးအတွက် အစိုးရ-ပုဂ္ဂလိက (၁၀) ကြိမ်မြောက် ဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဒေါ်ထေရီကာ (ဒုတိယညွှန်ကြားရေးမှူး၊ ငွေတိုက်ဦးစီးဌာန)နှင့် ဒေါက်တာ ငွေဇော်အောင် (ဒုတိယညွှန်ကြားရေးမှူး၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး) တို့မှ “အစိုးရ ဝယ်ယူရေး”၊ “အငြင်းပွားမှုဖြေရှင်းခြင်း” တို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြ သည်။
ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်မှဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်မောင်သိမ်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် တွဲဖက်အထွေထွေအတွင်း ရေးမှူးများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများ၏ တာဝန်ရှိကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ကျော်ဆန်းမြင့် လမ်းမတော် (ပြန်/ဆက်)