လားရှိုးမြို့တွင်းသို့ ဝင်ရောက်ရန်အတွက် သွားလာမှုကန့်သတ်ချက်များ စတင်ပြောင်းလဲဆောင်ရွက်

လားရှိုး ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ၂၀၂၁ခုနှစ် ယမန်နေ့က လားရှိုးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအရ လားရှိုးမြို့တွင်း ဝင်ထွက်သွားလာမှုများအား စတင်ပြောင်းလဲ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပြောင်းလဲဆောင်ရွက်မည့် သတ်မှတ်ချက်များသည်  လားရှိုးမြို့နယ်မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့နယ်များသို့ သွားရောက်ပြီး ပြန်လည်ဝင်ရောက်လာပါက Quarantine ဝင်ရန်မလိုတော့ဘဲ ရှမ်းပြည်နယ် (မြောက်ပိုင်း)မြို့နယ်များမှဒေသခံများ လားရှိုးသို့ လာပါကလည်း မြို့ဝင်ဂိတ်များတွင် အချက်အလက်များ ပြည့်စုံစွာပေးခဲ့ရန်နှင့် Quarantine ဝင်ရောက်ရန်မလိုအပ်တော့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းများမှလာပါက ကျန်းမာရေးစစ်ဆေးချက်ပါရှိမှသာ ညအိပ် တည်းခိုခွင့်ပြုမည် ဖြစ်ပြီး အဆိုပါဆေးစစ်ချက် မပါရှိပါက နေ့ချင်းပြန်သာခွင့်ပြုမည်ဖြစ်ပြီး လားရှိုးဒေသခံများသည် ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်းဒေသများသို့ ညအိပ်သွားရောက်ပြီး ပြန်လာပါက ခရီးသွားရာဇဝင်မေး၍ စောင့်ကြည့်သွားမည် ဖြစ်သည်။

ရှမ်းပြည်နယ်မှလွဲ၍  ကျန်တိုင်းဒေသကြီးပြည်နယ်များမှ လားရှိုးမြို့သို့လာရောက်ပါက ကျန်းမာရေးစစ်ဆေးချက်ပါ ရှိပါက နေ့ချင်းပြန်ခွင့်ပြုပေးမည်ဖြစ်ပြီး နေ့ချင်းပြန်မဟုတ်ပါက သက်မှတ်ရက်များအတိုင်း Quarantine  ဝင်ရောက်ရမည်ဖြစ်ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းမှ လားရှိုးမြို့သို့လာရောက်ပါက မိမိဒေသ၏တစ်လအတွင်း ထောက်ခံစာနှင့် လားရှိုးမြို့တွင် နေထိုင်တည်းခိုမည့် လိပ်စာအတိအကျ ပေးရမည်ဖြစ်ပြီး လာရောက်ရသည် အကြောင်းအရာ (အကြမ်းဖျဉ်း)ပေးရမည်ဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှလွဲ၍ ကျန်တိုင်းဒေသကြီး ပြည်နယ်များမှ လာရောက်သော ကုန်တင်ယာဉ်များအားလုံး SOP ပါအတိုင်း လိုက်နာရမည်ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းမှ လာရောက်သည့်(ဒေသတွင်း) ကုန်တင်ယာဉ်များအနက်(၁၄)ပေရှိ ()ဘီးယာဉ်(/)တန်နှင့် အောက်ကားများမှလွဲ၍ ကျန်ကုန်တင်ယာဉ်များအားလုံး မယ်ဟန်စစ်ဆေးရေးစခန်းတွင် စစ်ဆေးမှုခံယူပြီးမှ မြို့တွင်းသို့ဝင်ရောက်ရမည်ဖြစ်သည်။ အဆိုပါယာဉ်များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင်းဖြစ်ပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု၏ ထောက်ခံချက်ပြသ၍ မြို့တွင်းသို့ ဝင်ရောက်ရမည်ဖြစ်သည်။

(၁၄)ပေရှိ ()ဘီးယာဉ်(/)တန်နှင့် အောက်ကားများမှလွဲ၍ ကျန်ကုန်တင်ယာဉ်များအားလုံး နားမခေါ်ကားကြီးကွင်း အတွင်း ကုန်ပစ္စည်း လွှဲပြောင်း ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး မြို့တွင်းသို့ လုံးဝဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရှိရသည်။

ဌာနဆိုင်ရာများ၏ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ တပ်ရိက္ခာပို့ဆောင်သည့်ယာဉ်များ၊ ဆက်သွယ်ရေးပစ္စည်း တင်ဆောင်သည့်(/)တန်နှင့် အထက်ယာဉ်များ ဝင်ရောက်လာပါက သက်ဆိုင်ရာဌာနမှ ထောက်ခံစာပြသနိုင်မှသာ လားရှိုးမြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းထံက သိရှိရသည်။

ဟန်ဌေး(လားရှိုး)