ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

ပေါင် ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်းရပ်ကွက်တွင် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုံးဆီတစ်ပိဿာ ရည်ညွှန်းစျေး (၇၉၇၁) ကျပ်ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြသည်။

အဆိုပါစျေးရောင်းချခြင်းကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)