ဒဂုံ ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက် ဒဂုံပန်းခြံရှေ့တွင် ယမန်နေ့ညက မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အေးနှင့် တာဝန်ရှိသူများ ယာဉ်ထိန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က Stay at Home ကာလတွင် ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာခြင်း မရှိပဲ အကြောင်းမဲ့ ဝင်ထွက်သွားလာနေခြင်းများ မရှိစေရန်အတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ပြည်သူများ စိတ်အေးချမ်းစွာ နေနိုင်ရေး ဒုစရိုက်မှုခင်းများ မဖြစ်ပေါ်စေ ရန်နှင့် အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် ယာဉ်တင် လှည့်ကင်းများ ဆောင်ရွက်ခြင်း လမ်းတစ်လျှောက် ဖြတ်သန်းသွားလာသော ယာဉ်များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်း ပိတ်ဆို့ ဆောင်ရွက်ခြင်းနှင့် နယ်မြေအေးချမ်းလုံခြုံရေးတို့အတွက် စစ်ဆေးကြောင်း သိရသည်။
ထိုသို့စစ်ဆေး ပေးခြင်းအားဖြင့် ယာဉ်အန္တရာယ် မတော်တဆဖြစ်ပွားမှုနှင့် အခြားမလိုလားအပ်သည့် အန္တရာယ်များ မဖြစ် ပေါ်စေရန် ပူးပေါင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)