ညောင်ဦး ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် မဏိစည်သူ ဈေးနှင့်ညောင်ဦးမြို့တွင်းလမ်းတစ်လျှောက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေး Mask Campaign ကိုယနေ့ နံနက် ၈ နာရီက ပြုလုပ်သည်။
ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်ဦးဆောင်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် မဏိစည်သူဈေး အတွင်းရှိ ဈေးရောင်းဈေးဝယ်များ၊ ညောင်ဦးမြို့တွင်းလမ်းမများပေါ် ဖြတ်သန်းသွားလာကြသူများကို နှာခေါင်းစည်း Mask မဖြစ်နေတပ်ဆင်ရေး၊ Hand Gel အသုံးပြုရေး၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာအကွာမှ သွားလာနေထိုင် ရောင်းဝယ်ဖောက်ကားရေးစသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များကို အသံချဲ့စက်များဖြင့်လိုက်လံသတိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများကို ခုဝေခုတပ်စနစ်ဖြင့် Mask အခုရေ ၂၀၀၀ နှင့် Face Shield ၁၀၀ များအခမဲ့ဖြန့်ဝေတပ်ဆင်စေခဲ့ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)