ဒဂုံမြို့နယ်၊ ဦးဝိစာရ ရပ်ကွက်တွင် ပျက်စီးနေသော လမ်းမီးတိုင်များ အသစ်လဲလှယ်ခြင်းနှင့် လျော့တွဲနေသော ဓာတ်ကြိုးများ ရှင်းလင်းခြင်းများဆောင်ရွက်

ဒဂုံ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရ ရပ်ကွက်အတွင်းရှိ ပျက်စီးနေသော လမ်းမီးတိုင်များ အား အသစ်လဲလှယ်ပေးခြင်း၊ အန္တရာယ်ရှိနိုင်သော ကွန်ကရစ် မီးတိုင်များအား ဆွဲနှုတ်ခြင်း လျော့တွဲကျနေသော ဓာတ်လိုင်းကြိုးများအား သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် အတွက် ဓာတ်လိုင်းကြိုး ဟောင်းများအား ရှင်းလင်းခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်မျိုးနှင့် ဝန်ထမ်းများက ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်စေ ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုးမိုးခိုင် (ပြန်/ဆက်)