ကျောက်ပန်းတောင်း၊ ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်ရောက်နေ သူ(၉၅)ဦး နှင့် အနံ့မရသဖြင့် ဆေးရုံတက်ရောက်နေသူ(၂)ဦးတို့အား၊ ဇန်နဝါရီ(၂၄)ရက်နေ့ Swab နမူနာယူ၍ ပြည်သူ့ကျန်း မာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ၊ အနံ့မရသူ(၂)ဦးအပါအဝင် (၁၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်ရောက်နေသူ(၂၇၂)ဦးမှ ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးပြီး၊ ဒုတိယအကြိမ် Swab စစ်ဆေးရန်ကျန်ရှိသူ (၉၅)ဦးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အနံ့မရသဖြင့် ဆေးရုံတက်ရောက်နေသူ(၂)ဦး စုစုပေါင်း (၉၇)ဦးတို့အား Swab နမူနာယူစစ်ဆေးခဲ့ရာ၊ ဘူတာရပ်ကွက်နှင့် ပြည်တော် သာရပ်ကွက်တို့မှ အနံ့မရသဖြင့် ဆေးရုံတက်ရောက်နေသူ အမျိုးသမီး(၂)ဦး အပါအဝင် စုစုပေါင်း(၁၂)ဦးတွင် ကိုဗစ်-၁၉ ရော ဂါပိုးတွေ့ရှိခဲ့သဖြင့် အဆိုပါပိုးတွေ့လူနာများအနက် Quarantine ဝင်ရောက်နေသူ(၁၀)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ထားရှိကြောင်းနှင့် ၎င်း ပိုးတွေ့လူနာများနှင့်ထိတွေ့ဆက်စပ်ခဲ့သူများကို စုံစမ်းဖော်ထုတ်၍ Quarantine Centre သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)