ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ မိုဘိုင်းစခန်းသစ်ဖွင့်လှစ်

ကျိုင်းလပ် ဇူလိုင် ၂၇

ဒီဂျစ်ဒယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ဝမ်လန်း(မိုင်းလန်း)ကျေးရွာ၌ မိုဘိုင်းစခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မိုဘိုင်းစခန်းရှေ့၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုဘိုင်းစခန်းသစ်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ ပြည်နယ်မန်နေဂျာ ဦးဇော်လွင်ထွန်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်မျိုးဌေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မိုဘိုင်းစခန်းသစ်ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းက အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်နယ်မန်နေဂျာ ဦးဇော်လွင်ထွန်းက အမှာစကားပြောကြားကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ မိုဘိုင်းစခန်းသစ်၏ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တိုင်းဒသကြီးနှင့် ပြည်နယ်(၈)ခုတွင် မိုဘိုင်းစခန်းအသစ် (၂၇)ခု တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် မိုဘိုင်း စခန်း(၉)ခု 4G LTE စနစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ တည်ဆောက်တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။

နှင်းနုထွေး(ပြန်/ဆက်)