ကော့မှူး ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ မိုးရာသီတွင်အဖြစ်များ သည့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ၊ အဘိတ်ဆေးခတ်ခြင်းများနှင့်ခြင် ဆေးဖျန်းခြင်းများကို ဇူလိုင် ၂၄ ရက်နေ့ နံနက်က အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ သွေးလွန်တုပ်ကွေး လက္ခာဏဖြစ်ပွားနေသော အင်းယားချောင်ကျေးရွာ၌ ကျန်းမာရေးဝန်ထမ်းများက ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နေကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငှက်အော်စမ်း ကျေးရွာကျန်မားရေးဌာနမှ ကျန်းမာရေးမှူး-၂ ဒေါ်မာလာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ၊ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ခြင်များခိုအောင်း ပေါက်ဖွား မှုမရှိစေရေးအတွက် ဘုရားပန်းအိုးများအတွင်း ဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်း၊ ရေအိုး၊ ကျောက်စည်၊ ရေတိုင်ကီများအတွင်း အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ တွေ့ရှိသောကျေးရွာ၌ ကျန်းမာရေးမှူး-၂ ဒေါ်မာလာဝင်းက ကျန်းမာရေးအသိပညာပေး ပြောကြားရာတွင် သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး (Dengue Virus) သယ်ဆောင်ထားသောနေ့အချိန်တွင် ကိုက်လေ့ရှိပြီး ၊ခြင်ကျားအကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ၊သွေးလွန်တုပ်ကွေးရောဂါသည် ပြည်သူများ ကြိုတင်ကာကွယ်၍ရသောရောဂါဖြစ်ကြောင်း ၊သွေးလွန် တုပ်ကွေးရောဂါသည် ကလေး လူကြီး ကျား/မ မရွေးဖြစ်ပွားနိုင်ကြောင်းစသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သော အကြောင်းအရာများအား ပြောကြားခဲ့ပြီး လူနာနေအိမ် ဝန်းကျင်တွင် ဖျားနာသူ ရှိမရှိတို့အား လိုက်လံစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)