ဇလွန်မြို့နယ်၌ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဇလွန် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ရဲတပ်ဖွဲ့မှ ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မေရီလန်း ကျေးရွာအုပ်စု အ.ထ.က မေရီလန်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်လင်းက ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်အကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းနိုင်က ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်၏ မဏ္ဍိုင်ကြီး(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှု လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းပြသသည်။

ဆက်လက်၍ ဇလွန်မြို့နယ် ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ရင်းရင်းနှီးနှီး စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)