ကျိုက်ထို ဇန်နဝါရီ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာနေ ပြည်သူများသွာလာရေး၊ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် လယ်မြေဧက (၅၀၀) မှ ထွက်ရှိလာသည့် သီးနှံများအား သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့၌ အလျား ၄၀၀၀ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁ပေ ၆လက်မရှိ ကုန်ထုတ်လမ်းကိုဖောက်လုပ်ခဲ့သည်။
အဆိုပါ ကုန်ထုတ်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၄၇.၆ သန်းဖြင့် ကရင် အမျိုးသားစီးပွား အနာဂတ်လှပရေးကုမ္ပဏီမှ ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အပြီး တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)