လယ်ဝေး ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၌ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) ကို ယမန်နေ့နံနက် ၉ နာရီက အုတ်ဖိုဇောင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဝင်းဌေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးကျော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးစန်းယုလှိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၅)မှ ဦးစီးအရာရှိ(မြို့ပြ)ဦးအေးကြူတို့က လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိလိုသည်များ မိမိတို့ရပ်ရွာအတွင်း လိုအပ်ချက်များအား မေးမြန်းခဲ့ကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)