ရေးမြို့နယ်၌  မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ၆ တန်း၊ ၁ တန်းလှပ် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ထုတ်တောင်သူများအား မြေဩဇာပေးအပ်

ရေး ဇူလိုင်  ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်  စိုက်ပျိူးရေးဦးစီးဌာနမှ ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ၆ တန်း၊ ၁ တန်းလှပ်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ထုတ်တောင်သူများအား မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၄ ရက်က အစင်ကျေးရွာအုပ်စု၊ ကွင်းကြီးအနောက်ကွင်း၌ ကျင်းပသည်။

ဦးစွာရေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ(ခေတ္တ) ဥက္ကဋ္ဌ သူရဦးရန်နိုင်ဦးကရေးမြို့နယ်အတွင်း မိုးစပါး မျိုးကောင်း၊ မျိုးသန့်များ  ရွေးချယ်စိုက်ပျိုးခြင်းဖြင့်  ပန်းတိုင်အထွက်နှုန်း  တိုးတက်ကောင်းမွန်ပြီးတောင်သူများတစ်ဦးချင်းဝင်ငွေ ပိုမိုရရှိကာ လူမှုစီးပွားဘဝ မြင့်မားလာမည်ဖြစ်ကြောင်း  အမှာစကားပြောကြားသည်။

ထို့နောက်ဓာတ်မြေဩဇာပေးအပ်ပွဲကျင်းပခဲ့ရာ (ခေတ္တ)ဥက္ကဋ္ဌ သူရဦးရန်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးအေးမွန်တို့က တောင်သူတစ်ဦးချင်းပေးအပ်သည်။ ဆက်လက်၍ တာဝန်ရှိသူများက မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ၆ တန်း၊ ၁တန်းလှပ် စိုက်ပျိုးခြင်း နည်းစနစ်ဖြင့် တောင်သူများ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ