ရမည်းသင်း ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျောင်းသား၊ ကျောင်းသားများ အသိပညာဗဟုသုတရရှိစေရန်နှင့် ငလျင်ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ အဖွဲ့ဝင်တစ်ဦးက ငလျင်စတင်လှုတ်ခတ်ကြောင်း အချက်ပြအသံဖြင့်ပြုလုပ်ပြီး မျက်နာကျက်မှ အုတ်ခဲများပြုတ်ကြလာကာ ဝပ်၊ ကာ၊ ကိုင် နည်းလမ်းဖြင့် ကျောင်းသား၊ ကျောင်းသူများ သရုပ်ပြခဲ့၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အဝါရောင်အဆင့်၊ အနီရောင်အဆင့်၊ အစိမ်းရောင်အဆင့်ဖြင့် ရှာဖွေကယ်ဆယ်မှုများအား သရုပ်ပြလေ့ကျင့်ခဲ့ရာ မီးသတ်ဦးစီးဌာမှ မီးသတ်ယဥ်များဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေး သဏ္ဍန်တူဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
ထို့နောက် ရှာဖွေကယ်ဆယ်မှုများ သရုပ်ပြလေ့ကျင့်ပြုလုပ်သူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦစိန်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥကဋ္ဌ ဦးမောင်ရွှေသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကာ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ပြသထားသည့်နံရံကပ်စာစောင်များနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားမှုကို လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဟိန်းပြည့်ဇော်(ခရိုင် ပြန်/ဆက်)