ဆီဆိုင် ဇူလိုင် ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် နယ်မြေလုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတာဝန်များကို အောင်မြင်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၄၂၄) ခြေမြန်တပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး စိုးရွှေ၊ တပ်ရင်းတပ်ဖွဲ့မှအရာရှိများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များ၊ အငြိမ်းစားစစ်မှုထမ်းဟောင်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများတို့ တက်ရောက်ခဲ့ကြပြီး နယ်မြေလုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတာဝန်များကို အောင်မြင်စွာထမ်းဆောင်၍ ရှေ့တန်းမှပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအား ပန်းများပေးအပ်ခြင်း၊ ပန်းကုံးစွပ်ကြိုဆိုခြင်း၊ ဂုဏ်ပြုလက်ခုပ်ဩဘာပေးခြင်းတို့ဖြင့် နွေးထွေးစွာ ကြိုဆိုဂုဏ်ပြခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)